ကော့သောင်း ၂၄ အောက်တိုဘာ
ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများက မြန်မာ ရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၃၂ ဦး ၊ အမျိုးသမီး ၈ ဦးနှင့်ကလေးငယ် ၁ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၄၁ ဦး ကို ယနေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် တာဝန်ရှိ အဖွဲ့အစည်းများက ပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်း လွန်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်ခြင်း တို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ရာ လာရောက်လွှဲပြောင်း ပေးသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများကကြိုဆို လက်ခံကြကာ ပြည်သူ့ ကျန်းမာရေး ဌာနမှ လိုအပ်သည် ကျန်းမာရေး ပြုစုရှောက်မှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


