ကော့သောင်း  ၁၄   နိုဝင်ဘာ

 

ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်ခြင်း တို့ ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ပြန်လည်လွဲပြောင်းပေး သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၈ဦးနှင့် ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၆၁ ဦး ကို  ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှ တစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများက ကော့သောင်း နယ်စပ် ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် တာဝန်ရှိ အဖွဲ့အစည်းများက ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။

 

အဆိုပါ အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)