ကော့သောင်း  ၂၂   သြဂုတ်

ကော့သောင်းနယ်စပ်မှတစ်ဆင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တရားမဝင် တင်ပို့မှုမရှိစေရေး သတိပြု ကြပ်မတ်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်စဉ်  ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ကျောက်တံတား ဆိပ်ကမ်းတွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချရန် စုပုံထားရှိသည့်ရေထွက် ကုန်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သိမ်းဆည်းရမိသည့် ရေထွက်ကုန် ပစ္စည်းများမှာ ကဏန်းမဲ(အရှင် ၃၅၀)ကီလို၊ ဂျင်းခရု(၈၀၀)ကီလိုနှင့် မိုင်ဒါး(အရှင်အကောင် ၁၀၀ (၄၀) ကီလို တို့ဖြစ်ကြပြီး၊ ရှားပါး ရေသတ္တဝါဖြစ်သည့် မိုင်ဒါးအရှင် အကောင်(၁၀၀) အား သဘာဝရေပြင်သို့ ဘေးမဲ့ပြန်လည်လွှတ်ပေးခဲ့ကြပြီး ကျန်ရေထွက် ပစ္စည်းများအား မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)