ပဲခူး ၁၃ ဧပြီ
ကိုရိုနာဗိုင်းရပ် ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက်(ဖ်)တို့ပူးပေါင်းပြီး ပဲခူးမြို့နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်နေရာအချို့တွင် လက်ဆေးကန်များ(ရေ၊ ဆပ်ပြာ၊ ရေပုံး)အပါအဝင် လိုက်လံ တပ်ဆင်ပေးကြကြောင်း သိရသည်။
ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်း နှင့် ဝန်ထမ်းများသည် (ကိုဗစ်-၁၉ ရောဂါ) Quarantine Areaဖြစ်သည့် ပဲခူးမြို့ အာသောက ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားမြို့ ဘုရားကြီးအထကတို့တွင် လက်ဆေးကန်(ရေ၊ ဆပ်ပြာ၊ရေပုံး) အပါအဝင် (၄)စုံ၊ အင်းတကော်မြို့ရှိ ဈေး၊ ကျေးလက်ကျန်းမာရေးဌာနနှင့် မြို့အုပ်ချုပ်ရေးမှူးရုံးတို့တွင် (၄)စုံ၊ ပဲခူးမြို့နယ်အတွင်းမှ ကျေးရွာ(၂၈)ရွာရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင်(၄၆)စုံ စုစုပေါင်း(၅၄)စုံအား ကိုရိုနာဗိုင်းရပ်ရောဂါ(ကိုဗစ်-၁၉) ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ လိုက်လံတပ်ဆင်ပေးကြသည့်အပြင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


