နေပြည်တော် ဇန်နဝါရီ ၁၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဝန်ကြီးဌာန(၁၂)ခုမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဉက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (MSDP)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် (RDSF)ပါ လုပ်ငန်းစဉ်များနှင့် အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ် သည့် ဝန်ကြီးဌာန (၁၂)ခုမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ ပါဝင်သော ကော်မတီဝင် (၂၆)ဦးဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း။

ကော်မတီအနေဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက် ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဉက္ကဌနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံချိတ်ဆက် ဆောင်ရွက်ရသည့်အတွက် အားလုံးပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည့် အပိုင်းများ၊ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားခြင်း ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုအနေဖြင့်ကျေးလက်မီးလင်းရေးလုပ်ငန်း(၁၄)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း (၂၀၄၃)ခု၊ ကျေးလက် ကုန်ထုတ်လမ်းနှင့်တံတား (၈၁၇/၁)မိုင်နှင့် (၁၁၉၄)စင်း၊ ကျေးလက်အိမ်ယာ (၇၇)လုံး၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်း(၇၈၇)ခု၊ ကျေးလက်စီးပွားထူထောင်ခြင်း စီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်း (၁၇၄)ယူနစ်၊ လူထုဗဟိုပြုစီမံကိန်း(၆)မြို့နယ်၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် Cash for Work စီမံကိန်း(၃၁၄၃)ရွာ၊ သင်တန်း စုစုပေါင်း(၈၂၈)ကြိမ်နှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းအားကျေးရွာ (၄၉၀) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။

ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်လမ်း (၃၁၉၂/၀.၆၉) မိုင်၊ ကျေးလက်တံတား (၃၁၇၀)စင်း၊ (၇၉၀၆၄) ပေ၊ ရေရရှိရေးလုပ်ငန်းပေါင်း (၇၉၈)ခု၊ ကျေးလက် မီးလင်းရေးလုပ်ငန်းအနေဖြင့် မဟာဓါတ်အားလိုင်းစနစ်ဖြင့်(၈၆၃)ရွာ၊ မဟာဓါတ်အားလိုင်းပြင်ပ အနေဖြင့် ဆိုလာ(၁၀၂၇)စုံ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေဖြင့် အသက်မွေးဝမ်းကျောင်း သင်တန်း (၄၄၉)ကြိမ်အား သင်တန်းသား (၈၄၃၈)ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၉၇၁) ဦးကို အလုပ်အကိုင်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း သိရသည်။

သတင်းစဉ်