ချောင်းဆုံ နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ တွင် ယခုနှစ် ၂၀၂၁-၂၀၂၂ခုဘဏ္ဏာရေးနှစ် (၆)လ ဘတ်ဂျက်တွင် နိုဝင်ဘာလ ပထမပတ်မှ စတင်ပြီး ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
ကျေးရွာသူ၊ ကျေးရွာသား များအားလုံးပါဝင်ပြီး ကျေးရွာ၏ ပကတိလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေးနှင့် အခြေခံအဆောင်အအုံစသည့် လုပ်ငန်းများအား ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ်တွင် တစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ပြည်သူထည့် ဝင်ငွေများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် (ကျေး/ လက်) ဦးစီးအရာရှိ ဒေါ်စန်းစန်းမော် ထံမှ သိရသည်။
အဆိုပါ စီမံကိန်းရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ မုရစ်ကလေးကျေးရွာ၊ ကော့ရမ္မာ ကျေးရွာ၊ မုကွဲကျေးရွာ၊ ပိုင်ကဒါး ရှမ်းစုကျေးရွာ၊ ညောင်လမ်းကျေးရွာ၊ ကွမ်တကဲကျေးရွာများ တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ရေပေးဝေရေးနှင့်အခြေခံအဆောက်အအုံ စသည့် စီမံကိန်း လုပ်ငန်း များဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်ခြေစုစုပေါင်း(၂၀၃၆)အိမ်ခြေအတွက် ဒေသ တွင်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)


