ကလေး  ၁၁  ဧပြီ

 

ကလေးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ယူနီဆက်တို့ပူးပေါင်းပြီး လက်ဆေးဘေစင်နှင့် အသိပညာပေးပိုစတာများကို မြို့ပေါ်တစ်ခု၊ ကျေးရွာ ၃၄ ရွာ စုစုပေါင်း ၃၅ ခု ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။

 

ဆက်လက်၍ စောင့်ကြည့်လူနာများထားရှိမည့် နေရာများဖြစ်သည့် အထက(၈) စာသင်ကျောင်း၊ တောင်ပိုင်းကျေးရွာ(၇) ရွာ၊ မြောက်ပိုင်းကျေးရွာ(၇)ရွာရှိ စာသင်ကျောင်းများ၌ လက်ဆေးဘေစင်နှင့် အသိပညာပေး ဗီနိုင်းပိုစတာများ (၁၅)ခုအား တပ်ဆင်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးလက်ဆေးပေးခန်းနှင့်ဈေးများ၊  လူနေထူထပ်သည့်ကျေးရွာ ၂၀ ကို ဆက်လက် တပ်ဆင်ပေးမည် ဖြစ်ပါကြောင်း  မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောကြားသည်။

 

မွှေးကြူဇင်

 

mdn