နေပြည်တော်  ၁၀  ဖေဖော်ဝါရီ  

ကျေးလက်ဒေသသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ငန်းမူဝါဒရေးဆွဲရေးနှင့် အကောင်အထည်ဖော်မှုအစီအစဉ်ဆိုင်ရာ အမျိုးသားအဆင့်အကြံပြု ညှိနှိုင်းအလုပ်ရုံဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်း တက်ရောက်အမှာစကားပြောကြားပြီး WHO မှ Scientist, Dr. Badi THAPAနှင့် UNICEF မှ Regional WASH Advisor, Mr. Evariste Kouassi Komlan တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။ 

ထို့နောက် ကျေးလက်ဒေသသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ငန်းမူဝါဒ ရေးဆွဲရေးနှင့် အကောင်အထည်ဖော်မှု အစီအစဉ်ဆိုင်ရာ အမျိုးသားအဆင့် အကြံပြုညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပကာတက်ရောက်လာကြသူများက Policy နှင့် Plan ထွက်ပေါ်လာရေးအတွက် ဖေဖော်ဝါရီ (၁၁) ရက်အထိ (၂) ရက်တာ ကြိုးစားဆွေးနွေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။ 

သန့်ဇော်