လှိုင်းဘွဲ၊ ၁၂ ဒီဇင်ဘာ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၁ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၄၈၅၀၀၀၀၀) ကျပ်ဖြင့် လမ်း(အရှည် ပေ ၂၇၀၀  x အကျယ် ၁၂ ပေ x ထု ၆ လက်မ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး နန်းခင်းဖြူဖြူသိန်း၊ လူထုစည်းရုံးရေးမှူး နန်းကြည်ကြည်ဌေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပါက နောင်ဘိုကြီးကျေးရွာမှ အိမ်ထောင်စ ု(၈၁၃)စု လူဦးရေ (၄၄၃၀) ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)