မိုင်းယု ၂၀ ဇန်နဝါရီ
ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ပြည်ပထွက်ကုန် ဈေးကွက်ဝင်သီးနှံ့ စိုက်ပျိုးရေး GAP (သိပ္ပံနည်းကျ စိုက်ပျိုးရေး) စနစ်များ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များ ဖြစ်ပေါ်စေရေး၊ နှစ်ရှည်သီးပင်များ တိုးချဲ့စိုက်ပျိုးလာစေရေး၊ ပိုးသတ်ဆေး၊ မြေသြဇာစနစ်တကျ သုံးစွဲတတ်လာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်စေရန် ရည်ရွယ်လျက် နယ်လှည့် အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ဝမ်ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဝမ်ဒွန်းနွဲ့ကျေးရွာနှင့် မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာတို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာဟာပြောပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်က GAP စနစ်စိုက်ပျိုးရေး၊ ဒိုချက်ကင်သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း၊ နှစ်ရှည်သီးပင် ထောပတ်၊ သရက်၊ လက်ဖက်၊ ကော်ဖီပင် စသည့် သီးနှံပင်များ အစားထိုးစိုက်ပျိုးနိုင်စေရေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အခြား စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများ စနစ်တကျ အသုံးပြုနိုင်စေရေး အကြောင်းတို့ကိုလည်းကောင်း၊ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် လူငယ်နှင့် မိသားစု၊ အပေါင်းအသင်း၊ လူမှုရေးနယ်ပယ်အကြား ဖြစ်ပေါ်နိုင်သည့် ပြဿနာများ၊ ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအခြေအနေများနှင့် စာပေဖတ်ရှုသူ၏ အတွေးအခေါ်နှင့် မူးယစ်သုံးစွဲသူတို့၏ အတွေးအခေါ် အယူအဆများကို ယှဉ်တွဲကာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာဌာနများမှ ထုတ်ဝေသော စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်နှင့် ဒို့ကျေးရွာဂျာနယ်များကို ဝမ်ဒွန်းနွဲ့နှင့် မိုင်းလွေ ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးခဲ့ပြိီး မူးယစ်ဆေးဝါးဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ပြသပေးခဲ့ကြာင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)