ညောင်ဦး ၂ မတ်       


မန္တလေးတိုင်းဒေသကြီး ညောင်ဉီးမြို့နယ် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်စန်းစန်းထွေး ဉီးဆောင်သော ဝန်ထမ်းမျာအဖွဲ့သည် ကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန်နှင့် တိုင်းရင်းဆေးနှင့် ပက်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ မတ် ၂ ရက်၊ နံနက် ၈ နာရီခွဲက ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ဆေးကုသပေးခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

 

‌ေ‌ေ‌ေ၁၂


ထိုသို့ ဆေးကုသပေးရာတွင် ရှေးဉီးစွာ ညောင်ဉီးမြို့နယ် တိုင်းရင်းဆေးရုံမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်စန်းစန်းထွေး က တက်ရောက်လာသည့် ကျေးလက်နေပြည်သူများအား ရောဂါဘယ ကင်းဝေးပြီး လူတိုင်းသက်တမ်းစေ့ နေထိုင်နိုင်ရေးအတွက် တိုင်းရင်းဆေးပညာဉီးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ဆေးကုသပေးမှု အခြေအနေများ၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ဒူးနာ၊ ခါးနာ၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းများ၊ နှလုံး၊ ဆီးချိုသွေးချို ရောဂါလက္ခဏာများနှင့် ပက်သက်ပြီး မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ကိုယ်ခံအားကောင်းမွန်ရေး မှီဝဲစားသုံးရမည့် အစာအာဟာရ များအကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောသည်။


ထို့နောက် ကျေးရွာရှိ နာမကျန်းလူနာ ၃၅ ဦးခန့်အား ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပြီး တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။  


ရဲဝင်းနိုင် ( ညောင်ဦး )