ဝါးခယ်မ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းကို လမ်းသမိုင်ရွာလေးကျေးရွာ၌ ယနေ့ နံနက် ၁၀ နာရီက စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲတွင် မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုနိုင်မည့် အခြေခံအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံကွန်ပြူတာသင်တန်းကို မေ ၂ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)