လှိုင်းဘွဲ  ၂၉   ဇူလိုင်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် NRC တို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ကွမ်ဘီကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ် လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးစောချစ်သန်းက နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ်ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးနှင့် တာဝန် ရှိသူများက ကွမ်ဘီကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ(၉၁)ဦးနှင့် ကျောင်းသားကျောင်းသူ (၄၆)ဦး စုစုပေါင်း(၁၃၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးငွေဝင်းက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

mdn

 

အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပအိုဝ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးစောချစ်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသခံကျေးရွာပြည်သူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်ပြီး ကရင်ပြည်နယ် လွှတ်တော်ဉက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ပအိုဝ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့သည် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တွေ့ဆုံပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းအခြေအနေများအား တင်ပြဆွေးနွေးကြရန်နှင့် လုပ်ငန်းများအောင်မြင်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)