မိုင်းယု ၁၈ မတ် 


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့ ကျေးလက်ပြည်များ OSS ဝန်ဆောင်မှု လုပ်ငန်းကို သိရှိနားလည်စေရန်အတွက် OSS ဝန်ဆောင်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကို မတ် ၁၇ ရက် မွန်းလွဲပိုင်းက ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

1


ဟောပြောပွဲတွင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက OSS ဝန်ဆောင်မှုအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ ပြည်သူများ အမှန်တကယ် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ချက် အခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ OSS အဖွဲ့များက မိမိတို့၏ လုပ်ငန်းကဏ္ဍ တစ်ခုချင်းစီအလိုက် ဝန်ဆောင်မှုပေးနေမှု အခြေအနေများနှင့် ကျေးလက်ဒေသတွင်း လတ်တလော ဆောင်ရွက်ပေးနေမှုများ၊ ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အခြေအနေများကို မိတ်ဆက်ရှင်းလင်း ပြောကြားကာ တက်ရောက်လာသော ဒွန်းနွဲ့အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများက မိမိတို့ကျေးရွာအတွင်း လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ OSS ရုံးအဖွဲ့ဝင်များက OSS ဝန်ဆောင်မှုအဖွဲ့၏ ပြည်သူ့အတွက် ဝန်ဆောင်မှု လုပ်ငန်းပိုစတာများကို  တက်ရောက်လာသည့် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


ယင်းနောက် OSS ဝန်ဆောင်မှု ဟောပြောပွဲအပြီး မိုင်းယောင်းမြို့နယ် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီဝင်းနှင့်အတူ ဌာနဆိုင်ရာ အဖွဲ့များက မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်းယမ်းခမ်း ကျေးရွာ အဝင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၄၈ သိန်းဖြင့် ၁၈' × ၆' × ၁၀' ပေ ရှိသည့် ကွန်ကရစ်တံတားသစ် ဆောက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ ယင်းတံတားအား သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီစေရေး၊ အရည်အသွေး ပြည့်မီစေရေးတို့အတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ကိုကိုနိုင်(မိုင်းယု)