ကော့ကရိတ် ၁ နိုဝင်ဘာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာအတွင်းရှိ ပြည်သူများသန့်ရှင်းသော သောက်သုံးရေ အဆင်ပြေလွယ်ကူစွာရရှိရေးနှင့် ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျေးလက်ရေရရှိရေးအချက်အလက်ကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ နံနက် ၉ နာရီချိန်တွင် ကော့ကရိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန၊ဦးစီးမှူးဦးစောဆားဒေါက်ဖေါ့ကသင်တန်းဖွင့်ပေးရခြင်းမှာကျေးလက်ရေပေးရေးနှင့်ပတ်သက်၍ ကျေးရွာအတွင်းရှိပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရေရှည်အသုံးပြုရရှိရေရန်နှင့် ဆောင်ရွက်ပေးနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်ကျေးလက် ဦးစီးစီးဌာနအငယ်တန်း(ငယ်/ယာ-၂)ဦးစောဟဲဒိုစိုးမှ သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းတွင်မြို့နယ်ကျေးလက်ဦးစီးဌာန ဝန်ထမ်း ငါးဦး၊ လူထုဗဟိုပြုစီမံကိန်းမှမြို့နယ်နည်းပညာ အကြံပေးအဖွဲ့ ၂ ဦးလက်ထောက်နည်းပညာမှူး စည်းရုံးရေးမှူး ၅၁ ဦး စုစုပေါင်းသင်တန်းသူ သင်တန်းသား ၆၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး၏ ပြောပြချက်အရ သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


