မြစ်သား ၁၅ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရစ်ကန်ကျေးရွာအုပ်စု၊ ရစ်ကန်ကျေးရွာတွင် ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးရည်ရွယ်၍ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျေးရွာရေပေးဝေရေး ကော်မတီဝင်များနှင့်အတူ ၂ လက်မ x ပေ ၅၀ တွင်းတိမ်ပေါင်း (၅)တွင်း တူးဖော်ခြင်းနှင့် ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့်ရေစင်၊ အလျား ၈ ပေ၊ အနံ ၈ ပေ၊ အနံ ၁၀ ပေ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ရစ်ကန်ကျေးရွာ တွင်းတိမ်တူးဖော်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လုပ်ငန်းပြီးစီးသွားပါက ရစ်ကန်ကျေးရွာရှိ အိမ်ခြေ ၄၄၅ လုံးမှ လူဦးရေ ၁၈၅၅ ကျော်တို့၏ သောက်သုံးရေ အခက်အခဲများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)