ရေး ၂၀ မတ်
နွေရာသီရေရှားပါးမှု အခက်အခဲ မရှိစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၄၀) ဖြင့် အင်အားမာန် ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင်အတွင်းရှိ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စု ၊ နှစ်ကရင် ကျေးရွာ၌ မြေသားရေကန် (၄) ဧက တူးဖော်ခြင်းလုပ်ငန်းကို မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ကရင်ကျေးရွာတွင် အိမ်ခြေ ( ၃၈၆ ) အိမ်၊ လူဦးရေ ( ၂၅၃၅ )ဉီး ရှိပြီး၊ ပူပြင်းခြောက်သွေ့သော နွေရာသီ အချိန်တွင် ရေတွင်း၊ ရေကန်များ ရေခမ်းခြောက်မှုနှင့်ကြုံတွေ့နေရပြီး ရေရှားပါးလျက်ရှိသည့် ကျေးရွာဖြစ်၍အဆိုပါ မြေသားရေကန်တူးဖော်သည့် လုပ်ငန်းအောင်မြင်ပြီးစီး ပါက ကျေးရွာနေပြည်သူများ နွေရာသီရေရှားပါးမှုမှ ကင်းဝေးပြီး စိုက်ပျိုးရေး လုပ်ငန်းများအတွက်ပါ ရေကိုလုံလောက်စွာ အသုံးပြုသုံးစွဲနိုင်မည် ဖြစ်ကြောင်း ရေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ် ဉီးစီးမှူး ဒေါ်ခွာညိုဌေးထံမှ သိရသည် ။
မြင့်ဉီး(မြိတ်)


