မြစ်သား ၁၃ ဇူလိုင်

           

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းနှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်မိုး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးစေရန်ရည်ရွယ်၍ ရစ်ကန်ကျေးရွာအုပ်စု၊ ရစ်ကန်ကျေးရွာတွင် ကျေးလက်ရေရရှိ ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဂါလန်(၂၄၀၀)ဆံ့ စက်ရေတွင်းတူးဖော်ခြင်း၊ စင်မြင့်ရေစင်တည်ဆောက်ခြင်း(၁၀ပေ x ၈ပေ x ၈ပေ) ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း(၁၃.၄) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးလက်နေ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ ငွေကျပ်(၁၀)သန်းနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ ကျပ်သိန်း(၈၃)သိန်း၊ ပစ္စည်းပါဝင်လှူဒါန်းမှု ငွေကျပ် (၂၀၈၅၀၀၀) နှင့် လုပ်အားပါဝင်လှူဒါန်းမှု ငွေကျပ် (၃၄၁၃၅၀၀) စုစုပေါင်း (၂၃၇၉၈၅၀၀)တို့ဖြင့် ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းပေ (၂၄၀၀ x ၁၂ ပေ x ၆လက်မ)လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး အောင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း လုပ်ငန်းများအား ဆောင်ရွက်ထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ ကျေးလက်ရေရရှိရေးနှင့် ကျေးရွာတွင်းကွန်ကရစ်လမ်းများသည် လူဦးရေ(၁၈၅၅)ဦး၊ အိမ်ခြေ(၄၄၅)တို့ကိုအကျိုးပြု စေနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)