ရေနံချောင်း ၂၈ မေ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အရှေ့ကုန်းကျေးရွာနှင့် ရေဆုံးကျေးရွာတို့ ဆက်သွယ်သည့် ကျေးရွာ ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကျိုးပြုမည့် ပင်းချောင်းဖြတ်ကူးတံတား တည်ဆောက်မှု ၆၀ ရာခိုင်းနှုန်း ပြီးစီပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၈၄ သန်းဖြင့် တံတားအရှည် ၃၀၂ ပေ (submersible bridge) တံတားအမျိုးအစားဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ရေနံချောင်းမြို့နယ် အရှေ့ကုန်းကျေးရွာ၊ ကျွဲဘုတ်ကျေးရွာ၊ ကုက္ကိုကွကျေးရွာ၊ ကန်လေးကုန်းကျေးရွာ၊ စည်ပင်ရွာသစ်ကျေးရွာ၊ စည်ပင်တပ်ပိုးကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့မှ အိမ်ခြေ ၁၄၂၅ အိမ်မှ လူဦးရေ ၆၇၁၇ ဦးအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)