တပ်ကုန်း၊   ၉  ဒီဇင်ဘာ

 

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီခွင့်ပြု ရန်ပုံငွေ တို့ဖြင့် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် ကျေးလက်ကုန်ထုတ်လမ်းများနှင့် Box Culvert ၊ Pipe Culvert တံတားများ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

တပ်ကုန်းမြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာတွင် အရှည် ၁ မိုင် ၃ ဒသမ ၅ ဖာလုံ၊ အကျယ်ပေ (၂၀) လမ်း မြေသားခင်းခြင်း၊ အရှည် ၁ မိုင် ၃ ဒသမ ၅ ဖာလုံ၊ အကျယ်(၁၇)ပေ လမ်း ရိစာခင်းခြင်းနှင့် ရေကျော် တံတား နှစ်စင်း၊ Box Culvert တစ်စင်း တည်ဆောက်ခြင်း၊ ညောင်လွန့်(ရှေ့)ကျေးရွာတွင် အရှည် ၂ ဒသမ ၆၅ ဖာလုံ၊ အကျယ် ၁၂ ပေလမ်း ရိစာခင်းခြင်းနှင့် Pipe Culvert တစ်စင်းတည်ဆောက်ခြင်း၊ ဒယောက်ကူးကျေးရွာတွင် အရှည် ၆ ဒသမ ၃၆ ဖာလုံ၊ အကျယ် ၁၂ ပေလမ်း ရိစာခင်းခြင်းနှင့် Pipe Culvert တစ်စင်း တည်ဆောက်ခြင်း၊ သပြေသာကျေးရွာတွင် အရှည် ၂ ဒသမ ၂၇ ဖာလုံ၊ အကျယ် ၁၂ ပေ လမ်း ရိစာခင်းခြင်းနှင့် Box Culvert တစ်စင်း၊ Pipe Culvert တစ်စင်း တည်ဆောက်ခြင်း၊ သပြေကုန်း ကျေးရွာတွင် အရှည် ၁ မိုင် ၂ ဒသမ ၄၂ ဖာလုံ၊ အကျယ် ၁၈ ပေလမ်း မြေသားခင်းခြင်း၊ အရှည် ၁ မိုင် ၂ ဒသမ ၄၂ ဖာလုံ၊ အကျယ် ၁၅ ပေလမ်း ရိစာခင်းခြင်းနှင့် Box Culvert တစ်စင်း၊ Pipe Culvert  ခုနစ်စင်း တည်ဆောက်ခြင်း၊ ရွေးစုကျေးရွာတွင် အရှည် ၂ ဒသမ ၂၄ ဖာလုံ၊ အကျယ် ၁၅ ပေလမ်း ရိစာခင်းခြင်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်း၊ နွယ်ရစ်ကျေးရွာတွင် အရှည် ၁ မိုင် ၄ ဒသမ ၁ ဖာလုံ၊ အကျယ် ၁၂ ပေလမ်း ရိစာခင်းခြင်းနှင့် Pipe Culvert လေးစင်း တည်ဆောက်ခြင်း၊ ကျားသေအိုင်ကျေးရွာတွင် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ လမ်း ရိစာခင်းခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြင့် တည်ဆောက်လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက ပြောသည်။

 

အဆိုပါ လုပ်ငန်းများအတွက် မြေပြင်အခြေအနေသိရှိရန်အတွက် ဒီဇင်ဘာလပထမပတ်က ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့မှ ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရပြီး ကျေးလက်ကုန်ထုတ်လမ်းများ၊ Box Culvert ၊ Pipe Culvert တံတားများ ပြီးစီးခဲ့ပါက ကျေးရွာ(၈)ရွာအတွင်းရှိ အိမ်ထောင်စု(၃၄၇၇)စု၊ လူဦးရေ(၁၆၅၄၀) အကျိုး ခံစားရမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)