မြောင်းမြ ၃၀ အောက်တိုဘာ
မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့ နံနက် ၈ နာရီက ကျေးရွာအခြေပြု ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များ လှူဒါန်းထားသော သုတ၊ ရသ၊ မဂ္ဂဇင်းနှင့် အခြားသိမှတ်ဖွယ်ရာ စာအုပ်စာစောင်များကို မြောင်းမြမြို့နယ် အတွင်းရှိ ကျေးရွာ(၁၁)ရွာကုန်းကြီး၊ သမန်းရေကျော်၊ လက်ပံ၊ သဇင်ကုန်းကြီး၊ ရွှေဒါးကုန်း၊ ချမ်းသာကုန်း၊ ကျုံဝါး၊ ကျွန်းကလေး၊ အုန်းပင်၊ ကမ်းနီ၊ ညောင်ချောင်းလေးကျေးရွာ အမက၊ အလက(ခွဲ)၊ မူလွန်ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက် လက်ခံယူခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် အုန်းပင်အလက(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်ရွှေက “ကျောင်းစာကြည့်တိုက်တွေမှာ လိုအပ်နေတဲ့ စာအုပ်စာစောင်တွေကို ယခုလို လှူဒါန်းပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ မဖတ်ရသေးသူတွေအတွက် စာအုပ်တွေက အသစ်တွေပါဘဲ" ဟု ပြောကြားခဲ့သည်။
စန္ဒာမိုး (မြောင်းမြ)


