ဆီဆိုင် စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုးရီးယား ရာသီဥတု ပြောင်းလဲမှုဗဟိုဌာန (KOREA Climate Change Centre) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအုပ်စု ၁၃ အုပ်စုရှိ ကျေးရွာများသို့ ထင်းလောင်စာ လျှော့ချသုံးစွဲရေးအတွက် စွမ်းအားမြင့်မီးဖိုများကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

 

အခမဲ့ဖြန့်ဝေပေးရာတွင် ဒုတိယအကြိမ် (Batch-B) စွမ်းအားမြင့်မီးဖိုများကို ကျေးရွာ အုပ်စု ၁၃ အုပ်စု အတွင်းရှိ အိမ်ထောင်စု ၉၉၂၉ စုအား မီးဖို ၉၉၂၉ လုံးကို စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း ဆီဆိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)      

 

mdn