ညောင်ဦး ၁၇ ဇန်နဝါရီ    

 

           

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ကျေးရွာနေပြည်သူများ မှုခင်းများနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ကာ ညောင်ဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးမင်းနိုင်  ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် မန်ကျည်းတန်းကျေးရွာသို့ သွားရောက်ပြီး မှုခင်းအသိပညာပေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

အဆိုပါ မှုခင်းအသိပညာပေး ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ ၁၇၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး ညောင်ဦးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးမင်းနိုင် က မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်ရန်နည်းလမ်းများ ၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် သတိပြုလိုက်နာရမည့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုင်ရာများ ၊ ယာဉ်တိုက်မှု ဖြစ်ပွားပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များ ၊ သက်ငယ်မုဒိမ်းမှုမဖြစ်အောင် အုပ်ထိန်းသူမိဘများ သိရှိလိုက်နာရမည့် အချက်များ ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရန်အချက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ ၊ ပြစ်မှုပြစ်ဒဏ်များနှင့် နယ်မြေအတွင်း မှုခင်းဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တပြေးညီ သတင်း ပေးပို့ရမည့်နည်းလမ်းများကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။

           

ထို့နောက် ကျေးရွာရပ်မိရပ်ဖများက ပညာပေးဟောပြောသည့် အကြောင်းအရာများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယရဲမှူးမင်းနိုင် က ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး တပ်ဖွဲ့ဝင်များက မှုခင်းပညာပေး လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )