ပွင့်ဖြူ အောက်တိုဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာသို့ သွားရောက်ပြီး နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ရန် လာရောက်သူများကို အထောက်အထားများ စိစစ်၍ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက်ပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။
ရဲဝင်းနိုင်(ညောင်ဦး)


