နေပြည်တော် ၂၉ မေ
ကျေးရွာငွေတိုက်စနစ် ထူထောင်ရန် မီးခံသေတ္တာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော် ၊အမြဲတမ်းအတွင်းဝန်ဦးကျော်ငွေ၊ စီမံကိန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အလှူရှင် Korea Federation of Community Credit Cooperatives (KFCCC) မှ ဒုတိယဥက္ကဋ္ဌ Mr. Hwang Kook Hyun ၊ အမှုဆောင်ဒါရိုက်တာနှင့် မန်နေဂျာများ တက်ရောက်ကြသည်။
စီမံကိန်းကာလကို (၅)နှစ် သတ်မှတ်ထားပြီး အောင်မြင်မှုအပေါ်မူတည်၍ စီမံကိန်းကာလအား တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ရှေ့ပြေးစီမံကိန်းအဖြစ် မြန်မာဆေး မာလ်အူးအွန်ဒုန် စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး(၇)ခုမှ ကျေးရွာ ငွေတိုက်စနစ်ထူထောင်ရန် စိတ်ပါဝင်စားသည့် ကျေးရွာ(၁၃)ရွာ၌ ငွေကြေးစုဆောင်းသည့် လုပ်ငန်းအား စတင်ဆောင်ရွက်လျက်ရှိပြီး၊ ကျေးရွာတစ်ရွာစီ၏ ငွေကြေးစုဆောင်း ထားရှိပြီးသည့် ပဏာမမှာကျေးရွာအလိုက် ကျပ်(၂)သိန်းမှ ကျပ်သိန်း (၇၀ဝ) ထိရှိကြောင်း၊ ကျေးရွာ ငွေတိုက်စနစ် ထူထောင်ခြင်းအတွက် ပြည်တွင်းသင်တန်း(၂)ကြိမ် ဆောင်ရွက်ပြီးစီးပြီး စုစုပေါင်း ကျေးရွာခေါင်းဆောင်နှင့် ကျေးရွာတာဝန်ခံ (၁၇၆) ဦးအား စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) တွင် သင်တန်းပို့ချဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ရှေ့ပြေးစီမံကိန်းရလဒ်များအရ ကျေးရွာငွေတိုက်စနစ် ထူထောင်ခြင်းစီမံကိန်းနား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆက်လက်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)နှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် စမ်းသပ် ကျေးရွာ(၁၃) ရွာအတွက် တစ်လုံးလျှင် (၉၉၅၀ဝ၀)ကျပ်တန်ကြေးရှိသည့် မီးခံသေတ္တာ(၁၄)လုံးအား ပေးအပ်ခြင်းဖြစ်ကြောင်း၊ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ကိုရီးယားနိုင်ငံ၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏ အောင်မြင်မှုနှင့်ပတ်သက်သော ဗဟုသုတများအား မျှဝေခြင်းဖြင့် MOALI နှင့် KFCCC အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရှ ိကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးအဆင့်အတန်းများ မြင့်တက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်