နေပြည်တော် ၁၅ ဧပြီ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း ကျေးရွာများ၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ဧပြီ ၁၄ ရက်အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုရှိမြို့နယ် ၃၉ မြို့နယ်၊ ကျေးရွာပေါင်း ၁၁၂ ရွာသို့ ရေဂါလန် ၇၄၂၃၆၆ ဖြန့်ဝေထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျေးရွာမျာသို့ ရေဖြန့်ဝေပေးမှုအခြေအနေမှာ ဇယားပါအတိုင်းဖြစ်သည်။
ရေရှားပါးပြတ်လပ်သော ကျေးရွာများမှ သောက်သုံးရေဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်၊ အလှူရှင်များက ရေလှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် Water Donation Myanmar App ကို အလွယ်တကူ အသုံးပြုဆောင်ရွက်နိုင်ပြီး ရေရှားပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများအား water-donation.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်