ဝက်လက် ဇွန် ၁၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေကျင်(အရှေ့) ကျေးရွာ၌ နွေရာသီတွင် ပူပြင်းခြောက်သွေ့၍ သောက်သုံးရေ ရှားပါးမှု မဖြစ်ပေါ် စေရန်အတွက် ဝက်လက်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြေသားရေကန် ပြုပြင်တူးဖေါ်နေမှုကို ယနေ့ နံနက် ၁၁ နာရီက သွားရောက်၍ ကွင်းဆင်း စစ်ဆေးခဲ့သည်။


ဝက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်လွင်ဦး နှင့် မြေသားရေကန် တူးဖေါ် ပြုပြင်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။


အဆိုပါ အလျားပေ ၃၅၀၊ အနံပေ ၃၅၀ နှင့် အနက် ၂ ပေရှိ မြေသားရေကန် ပြုပြင် တူးဖော်နေမှုကို ရွှေကျင် (အရှေ့) ကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။


စိုးစိုးလှိုင်(ဝက်လက်)