mdn

‌ရွှေကူ     ၂၃   စက်တင်ဘာ

 

စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေသည့် ကချင်ပြည်နယ် ‌ရွှေကူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မြို့နယ်စီမံကိန်း‌ရေးဆွဲ‌ရေးတွင် ‌ကျေးရွာဖွံ့ဖြိုး‌ရေး အစီအစဉ်များကို အ‌ကောင်အထည်‌ ဖော်‌ရေးဆွဲ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ(ဒုတိယ‌နေ့)ကို ယနေ့ နံနက်ပိုင်းက မြို့‌တော်ခန်းမ၌ ကျင်းပသည်။

 

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဇာနည်ဖြိုးထွန်းက အမှာစကား‌ပြောကြားပြီး မြို့နယ်နည်းပညာအကြံ‌ပေးအဖွဲ့‌ခေါင်း‌ဆောင် ဦး‌ကျော်‌ကျော်သိန်းက ‌ကျေးရွာဖွံ့ဖြိုး‌ရေး စီမံချက် အလုပ်ရုံ‌ဆွေး‌နွေးပွဲ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်း‌ပြောကြားသည်။

 

ထို့‌နောက် တက်‌ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား အဖွဲ့ (၄)ဖွဲ့ခွဲ၍ အ‌ခြေခံအ‌ဆောက်အဦးဆိုင်ရာလုပ်ငန်းများ၊ လူမှု‌ရေးဆိုင်ရာကဏ္ဍများ၊ အသက်‌မွေး ဝမ်း‌ကြောင်းဆိုင်ရာ ကဏ္ဍလုပ်ငန်းများ၊ သဘာဝ‌ဘေးအန္တရာယ် ‌လျော့ပါး‌ရေးဆိုင်ရာနှင့် အခြားကဏ္ဍဆိုင်ရာလုပ်ငန်းများ စသည်တို့ကို အဖွဲ့အလိုက်‌ဆွေး‌နွေးကြသည်။

 

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို စက်တင်ဘာ ၂၄ ရက် (တတိယ‌နေ့)တွင် လွှတ်‌တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ‌ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများ၊ စီမံကိန်း အ‌ထောက်အကူပြု‌ ကော်မတီဝင်များဖြင့် ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

 

ရွှေကူ (ပြန်/ဆက်)‌