သထုံ ၉ ဇန်နဝါရီ
မွန်ပြည်နယ်၊ သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သထုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သထုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သထုံခရိုင်ဦးစီးဌာနမှူး ဦးမိုးဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
အဆိုပါသင်တန်းတွင် သထုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာမှ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဝင် နှစ်ဦးစီ၊ စုစုပေါင်း ၃၆ ဦးတို့အားရွေးချယ်ကာ ကျေးရွာအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မည့် စီမံချက်အချက်အလက်များ စနစ်တကျရေးဆွဲပြုစုနည်းတို့ကို သုံးရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)