မြိတ် အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ်သိန်း (၄၀၀) ဖြင့် မြိတ်မြို့နယ် ကျေးရွာ () ရွာ၌ ကျေးရွာလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးရွာတစ်ရွာကို သိန်း(၁၀၀)ကျပ် ထောက်ပံ့ပေးပြီးတော့ ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်း ဖြစ်ပါတယ်။ ကျေးရွာလူထုကို ကော်မတီဖွဲ့ပေးပြီး သင်တန်းတွေပေးပါတယ်။ ကော်မတီက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ကြီးကြပ်ပေးပါတယ်။ ကျေးရွာ ရေပေးဝေရေးနှင့် ရွာတွင်းလမ်းတွေ ဆောင်ရွက်မယ့်ရွာတွေကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။

 

mdn

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၃၀) ခုနှစ်တွင် ကျေးရွာများ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကျေးရွာရေပေးဝေရေးနှင့် ရွာတွင်းလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး မြိတ်မြို့နယ်၌ ကျေးရွာစုစုပေါင်း (၄၂) ရွာတွင် စီမံကိန်းဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာလူထုများကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် သိန်း (၄၀၀) ဖြင့် မြိတ်မြို့နယ်တွင် ဆောင်ရွက်မည့် ကျေးရွာ () ရွာကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် ကျေးရွာကို စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ်)