မြိတ်   နိုဝင်ဘာ   ၁၆

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ နှစ်ရွာတွင် မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုဝင်ဘာ ၁၅ ရက်က ကွင်းဆင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာကော်မတီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာကို သိန်း ၁၀၀ ကျပ် ထောက်ပံ့ပေးပြီး  ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ငန်း စီမံကိန်း ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာ နှစ်ရွာတွင် ရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ဦးစားပေး အစီအစဉ်အဖြစ် ကျေးရွာရေရရှိရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလအတွင်း ကျေးရွာ ကော်မတီအား သင်တန်းပေးခြင်း၊ ဘဏ်အကောင့်ဖွင့်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ဒီဇင်ဘာလ ပထမအပတ်တွင် ကျေးရွာလူထုမှ လုပ်ငန်းစတင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)