မကွေး ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂ ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်နဝါရီလ ပထမအပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ကျေးရွာပေါင်း ၂၂ ရွာတွင် စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း ၁၀၀ စီနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း လမ်းပြုပြင်ခြင်းလုပ်ငန်း ၄ ခု၊ ရေရရှိရေးလုပ်ငန်း ၃၃ ခုနှင့် မီးလင်းရေးလုပ်ငန်း ၄ ခု စုစုပေါင်း လုပ်ငန်း ၄၁ ခုတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။

ဇော်မင်းဌေး