ပေါက်ခေါင်း ၇ ဇန်နဝါရီ

 

မြို့နှင့် အလှမ်းကွာဝေးသော ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက်အမှတ်(၆) တပ်မတော်ဆေးရုံ ခုတင်(၁၀ဝ) နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီ ၆ ရက်က ပေါက်ခေါင်းမြို့နယ်ရှိ ကရင်တိုင်းသား အများစုနေထိုင်သော ခပေါင်းကျေးရွာသို့  အခမဲ့ကွင်းဆင်း ဆေးကုသခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ဆေးကုသပေးရာတွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၀ ခန့်တို့အား ခွဲစိတ်ရောဂါ၊ အရိုးအကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပက်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးဝါးများအခမဲ့ ပေးအပ်ခဲ့သည်။ ၄င်းအပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား တပ်မတော်ဆေးရုံ ခုတင်(၁၀ဝ)သို့ တက်ရောက်ကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ထို့ပြင်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)

 

mdn