ဆီဆိုင် ၂၄ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်နှင့် Covid-19 ကူးစက်ရောဂါဖြစ်ပွားသည့် ကာလထပ်ဆောင်းထောက်ပံ့ငွေများကို ဇွန် ၂၃ ရက်နေ့က ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၇)ဦးတို့အား အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုး အဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကုန်းသာရှေ့ကျေးရွာ၊ နောင်လိတ်ကျေးရွာ၊ ကွန်မွန်းကျေးရွာ၊ ပန်ကန်းကျေးရွာ၊ မက်မုံးဆုံကျေးရွာ၊ ထီလျော့ကျေးရွာနှင့် ကုန်းဆွတ်ကျေးရွာ တို့ရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၅)ဦးနှင့် အဘွား(၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းစီ နှင့် Covid-19 ကူးစက်ရောဂါဖြစ်ပွားသည့် ကာလထပ်ဆောင်းထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၀ဝ၀ဝ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကုန်းဆွတ်ကျေးရွာအုပ်စု စာရေး ဦးကျော်ဝင်းဦးနှင့် ကုန်းဆွတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကောလီတို့က ကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၇၆)ဦးရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


