ကျောက်တံခါး မတ် ၁၀

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သရက်စိန်ကျေးရွာတွင် ၂၀၂၃- ၂၀၂၄ ခုနှစ်မှစတင်၍ စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးရေးစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာသစ် လှူပ်ရှားမှု စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍတွင် ပါဝင်သော လေ့လာရေး ခရီးစဉ်ကို မတ် ၂ ရက်က ပဲခူးမြို့၌ကျင်းပသော (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ သွားရောက်၍ လေ့လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေ့လာရေးခရီးစဉ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခုမှ ခင်းကျင်းပြသထားသည့် ဟင်းသီးဟင်းရွက်/သစ်သီးဝလံ/ ပန်းမန်ပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာပြခန်းများ၊ လက်တွေ့စိုက်ပျိုး ပြသထားသော သီးနှံစိုက်ခင်းများကို ကြည့်ရှု့လေ့လာခဲ့ကြပြီး မြေအသုံးချဌာနခွဲ၊ မျိုးစေ့ဌာနခွဲနှင့် သီးနှံကာကွယ်ရေးဌာနခွဲအောက်ရှိ မြေသြဇာ လုပ်ငန်းများ၊ မျိုးစေ့အမျိုးမျိုးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း လက်ကမ်းစာစောင်များ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိဌာနများမှ ပြသထားသောပြခန်းများသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)