စလင်း ၁၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မကျီးစင်ကျေးရွာ၊ တောင်စဉ်ကျေးရွာ နှင့် စွယ်တည် (ရွာသစ်)ကျေးရွာသုံးရွာ၌ အဝီစိစက်ရေတွင်း တူးဖော်ပေးနိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သည့် မြေအောက်ရေ အောင်းလွှာတည်ရှိမည့်နေရာကို ယနေ့နံနက်ပိုင်းက GP Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
GP Survey တိုင်းတာမှုများပြုလုပ်ရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးသန့်နိုင် နှင့်ဝန်ထမ်းများ က မြေအောက်ရေတိုင်းတာ စက်များဖြင့် မြေအောက်ရေအောင်းလွှာ တည်ရှိမည့်နေရာကို လက်တွေ့ကွင်းဆင်းကာ ကျေးရွာသုံးရွာ၌ GP Survey တိုင်းတာမှုများပြုလုပ်ပေးခဲ့ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကပြောပြ၍ သိရသည်။
GP Survey တိုင်းတာမှုများပြုလုပ်ပေးခြင်း ကြောင့် အဝီစီစက်ရေတွင်းတူးဖော်ပေးရာတွင် ရေထွက် နည်းခြင်း၊ ရေအရည်အသွေး ကောင်းမွန်မှု မရှိခြင်းစသည့် အခက်အခဲများ လျော့နည်းစေနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ က ဆက်လက်ပြောပြသည်။
ငြိမ်းသူ(စလင်း)


