ဟုမ္မလင်း ၈ အောက်တိုဘာ

 

၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် ဟုမ္မလင်းမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးရွာစီမံကိန်း(VDP)ဖြင့် ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု၊ သပြေကုန်း(နောင်မိုး) ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ကျောက်ရောခင်းခြင်းလုပ်ငန်း ရှင်းတမ်းနှင့် လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက သပြေကုန်း (နောင်မိုး) အ.ထ.က(ခွဲ) KG ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

5

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးမျိုးညွှန့်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးစိုးမင်းလတ်က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) လုပ်ငန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကော်မတီအဖွဲ့ဝင် ဉီးကျော်ဌေးက ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း အသုံးစရိတ်များအား ချပြရှင်းလင်းပြီး မိုင်းကိုင်းအုပ်စု၊ သပြေကုန်း(နောင်မိုး) ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း မှတ်တမ်းလွှာအား ကျေးရွာဖွံဖြိုးရေးစီမံကိန်း ဥက္ကဋ္ဌ ဉီးအောင်အောင်က ပေးအပ်ရာ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဉီးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

လင်းလင်း(ပြန်/ဆက်)