ကျေးသီး မတ် ၂၆
ရှမ်းပြည်နယ် ကျေးသီးမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဆေးရုံရှေ့တွင် ကျင်းပရာ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ် ဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်မှ အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် တိုင်းရင်းဆေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့် က (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်၊၊
ထို့နောက် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံတက်ရောက်လျက်ရှိသည့် လူနာများအား အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


