ကျေးသီး   မတ်   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၌ နွေရာသီသင်တန်းဖြစ်သည့် ဆို၊ က၊ ရေး၊ တီး သင်တန်းဆင်းပွဲကို   မတ် ၉ ရက်   နံနက်ပိုင်းက    အထက ကျောင်း၌ ကျင်းပသည်။

အဆိုပါ နွေရာသီသင်တန်းဆင်းပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ပြာဝေနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်တို့   တက်ရောက်ခဲ့ပြီး သင်တန်းကို မတ်  ၄ ရက်မှ ၉ ရက်အထိ ကျောင်းသား   ကျောင်းသူ ၇၅ ဦးအား နေ့စဉ် နည်းပြဆရာ ဆရာမများက သင်ကြားပို့ချခဲ့ကြောင်း သိရသည်။       

မြို့နယ်(ပြန်/ဆက်)