ကျေးသီး     ဇူလိုင်      ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား  အထောက်အကူဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဇူလိုင် ၂၄ ရက်က ကန်ပန်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် အရှေ့မြို့ပတ်လမ်း တစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များကို တိကျစွာလိုက်နာကြပါရန်နှင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ပေးကြရန် စသည့်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)