တောင်ငူ ၆ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကေတုမတီငါးနှင့် ကြက်မွေးမြူရေးကုန်ထုတ် သမဝါယမအသင်း လီမိတက်သည် အသင်းပိုင်ငါးကန်ဧက(၁၃၀)ခန့်တွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ယိုးဒယားငါးခုံးမ၊ ငါးမုတ်စသော ငါးမျိုးစုံကို မွေးမြူကာ တစ်နှစ်လျှင် တစ်စုံတွင် အထီးနှစ်ကောင်၊ အမတစ်ကောင် ပါဝင်သည့် ငါးအစုံရေ(၇၅)စုံစီကို ဆေးထိုးသားဖောက်လျှင် ငါးမှုံအကောင်ရေ သိန်း(၁၀၀)ခန့် ရရှိပြီး ငါးမှုံမှ ငါးသန်၊ ငါးသန်မှ ငါးဖျန်း၊ ငါးဖျန်းမှ အသားတိုးသည့်ကာလအဆင့်ဆင့် တစ်နှစ်ခွဲခန့်ကြာလျှင် ပိဿာချိန် နှစ်သိန်းတစ်သောင်းခန့် ရရှိလာကာ တစ်ရက်လျှင် ငါးပိဿာချိန် (၇၀၀)ခန့် ထုတ်လုပ်နိုင်ပြီး “ပြည်သူ့အတွက် ငါးဟင်းတစ်ခွက်” အစီအစဉ်ဖြင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ နှုန်း၊ ယိုးဒယားငါးခုံးမတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ နှုန်း၊ ငါးတန် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ နှုန်း၊ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ နှုန်း၊ ငါးမုတ် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
MDN
