အင်းတော် ၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အောင်မေတ္တာရပ်ကွက် ဝင်ဒါမီယာရပ် နှင်းဆီလမ်းတွင် အိမ်အတွင်း ခဲဖူးသေနတ်ဖြင့် ဖြစ်ခတ်ကာ လည်ပင်းကို ချွန်ထက်သောအရာဖြင့်ထိုး၍ ပစ္စည်းများလုယက်ကာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အောင်မေတ္တာရပ်ကွက် ဝင်ဒါမီယာရပ် နှင်းဆီလမ်းတွင် နေထိုင်သူ စိုးနိုင်ဦး ( ခ ) ဖိုးလုံးကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ၎င်းအိမ်အား အဝင်အထွက်အသွားအလာရှိသူ အမည်မသိ တစ်ဦးမှ ခဲဖူးသေနတ်ဖြင့် သုံးချက်ပစ်ခတ်ပြီး လည်ပင်းကိုချွန်ထက်သောအရာတစ်ခုဖြင့်ထိုး၍ သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်မှုကြောင့် စိုးနိုင်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ ၎င်းဝတ်ဆင်ထားရှိသော ငါးကျပ်သား ရွှေဆွဲကြိုးတစ်ကုံး၊ ၃ မတ်သား လက်စွပ်တစ်ကွင်း၊ ဆင်းကဒ် ( ၃ ) ခုပါ ဖုန်း ( ၂ ) လုံး တို့ကို ပြစ်မှုကျူးလွန်သူမှ ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
( ကျော်သီဟ )