ပုလော     ၂၈    အောက်တိုဘာ

 

ပုလောမြို့ အခြေခံပညာ မူလတန်းကျောင်းအမှတ်(၃) နှင့် အမှတ်(၇) ကျောင်းရှိ ချစ်စရာ အရွယ် မူကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ (၁) နာရီက ပုလောမြို့နယ် မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲတွင် စာလုံးရောင်စုံဖော် ကစားနည်း၊ ကွင်းခုံ ကစားနည်း၊ မြင်းစီး ကစားနည်း၊ လှေလှော်ပြိုင်ပွဲ ကစားနည်း၊ ခွက်အလှံစိုက် ကစားနည်း၊ ပိုက်လုံးထဲသို့ ဘောလုံးထည့် ကစားနည်းနှင့် အုံးမှုတ်ခွက်စီး လမ်းလျှောက် ကစားနည်းစသည့် ကစားနည်း(၇) မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ အမက (၃)ကျောင်းသူ/သား လေးများ က အမက(၇)ကျောင်းသူ/သား ကို သုံးပွဲ ( သရေ ) လေးပွဲ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ၊ သွက်လက်ထက်မြက်ပြီး၊ လူအများ ရှေ့တွင် ယှဉ်ပြိုင် တတ်သည့် အလေ့ကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း  နှင့် ပြိုင်ပွဲဝင် ကျောင်းသား/သူ (၄၅) ဦးကို စေတနာရှင် မိဘများက အမှတ်တရ လက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN