နေပြည်တော်     ဧပြီ      ၄

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့  ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ  ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ  အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။    

 

အားကစားပြိုင်ပွဲများပြုလုပ်

 

အဆိုပါ စစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေးခရီးရောက်ရှိလာ ခြင်းဖြစ်ပြီး မတ် ၃၁ ရက်မှ ယနေ့အထိ ငါးရက်ကြာ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့  လေ့လာရေးခရီးသွားရောက်ခြင်းနှင့် နှစ်နိုင်ငံရေတပ်  ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်