ချစ်သူ အကပညာရှင်နဲ့အတူ Artists In Motoin အားကစား ခန်းမဖွင့်လှစ်လိုက်တဲ့ ဂျင်းနီ

ရန်ကုန် ၂၃ ဇန်နဝါရီ

အဆိုတော် ဂျင်းနီနဲ့အတူ သူ့ရဲ့ချစ်သူ အကပညာရှင် ဟန်ဇော် တို့နှစ်ဦး ဦးစီးပြီး ကျန်းမာရေး နဲ့ ပတ်သက်တဲ့ အားကစားခန်းမကို ယခုလ (၂၂) မှ စတင်ကာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။  အဆိုပါ ခန်းမကို ARTISTS  IN MOTION ဟု အမည်ပေးထားပြီး နိုင်ငံတကာ နည်းပြများနှင့် သင်ကြားပို့ချပေးသွားမယ်လို့ သိရပါတယ်။

"၂၁ ရာစုမှာ လူတိုင်းဟာ နည်းမျိုးစုံနဲ့ ရုန်းကန်နေကြရပါတယ်။ ရုန်းကန်မှုနဲ့အတူ ရောဂါဘယများဟာလည်း ရှေးယခင်ကထက် ထူပြောလာပါတယ်။ အဲ့ဒါကြောင့် ကျန်းမာရေးကို ပိုမိုအလေးထား ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ ကျန်းမာရေးကို ဂရုစိုက်ရာမှာလည်း ဖြစ်လာမှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်တယ်ဆိုတာ ကမ္ဘာ့ပညာရှင်များက အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အကောင်းဆုံးကာကွယ်မှုက အားကစားလုပ်ခြင်းပါပဲ။ အားကစားလုပ်ဖို့ဆိုရင် ဘယ်လိုမျိုး ဘယ်လိုနေရာကို ရွေးချယ်ရမလဲ။ ရွေးချယ်ဖို့ဆိုရင်တော့ Jenny တို့ရဲ့ Artist in Motion ကိုသာလာခဲ့ လိုက်ပါ။ ဘာလို့လဲဆို တော့ ကချင် ခုန်ချင်လား ready ပဲမြန်မာအက၊ နိုင်ငံတကာအက(Latin dance, Zumba, Bollywood dance)အစုံရှိတယ်။ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့လား MMA(Aikido,Jujitsu,Kyokyshin Karate) နဲ့ (Boxing,KickBoxing)၊ ဒါမှမဟုတ် ကျန်းမာရေးသီးသန့် Cardio,TRX, Yoga ကစားဦးမလား အစုံရှိတယ်လေ။

နည်းပြတွေကရော နိုင်ငံတကာအဆင့်မီ သင်နိုင်တဲ့ နည်းပြတွေ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ နည်းပြတွေက သင်မှာလေ။ ရလာမယ့် ရလဒ်ကောင်းတွေကတော့ ပိုလို့ကျန်းမာလာမယ်၊ ပျော်ရွှင်လာမယ်၊ အပေါင်းအသင်း အသစ်တွေ တိုးလာမယ်ပေါ့နော်။ တခြားအကျိုးကျေးဇူးတွေ ကိုယ်တွေ့ပြော မယုံကြုံမှသိဆိုသလို လာသာ ကစားကြည့်လိုက်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်တယ်နော်" လို့ အဆိုတော် ဂျင်းနီက ပြောပါတယ်။

အဆိုပါ ခန်းမကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ AKK Shopping Center (၃) လွှာတွင် ဖွင့်လှစ်ထားပြီး ၊ မြန်မာ အက၊ လက်တင်အက၊ အိန္ဒိယ အက၊ ယောဂ၊ လက်ဝှေ့ နှင့် အခြား အားကစားနည်းများကိုလည်း သင်ကြားပို့ချမည်ဖြစ်သည်။ 

ကိုလင်း