ချစ်သူအမျိုးသမီးကို ရိုက်နှက်ပြီး သတ်ဖို့ကြိုးစားနေတဲ့ ဗီဒီယိုဖိုင် ဖေ့စ်ဘုတ်မှာ ထွက်ပေါ်ခဲ့မှု ထိုင်းတွင်ဖြစ်ပွား

ဘန်ကောက် ၂၅ ဧပြီ

ထိုင်းနိုင်ငံတွင် အမျိုးသမီးငယ်တစ်ဦးကို မူးယစ်ဆေးဝါးစွဲနေတဲ့ ချစ်သူကောင်လေးက သူခိုးလို့ စွပ်စွဲပြီး ရိုက်နှက် စော်ကားမှု ပြုလုပ်နေစဉ် ဗီဒီယိုရိုက်ပြီး တိုက်ရိုက်လွှင့်ထုတ်ခဲ့ပါတယ်။ အဲဒီ ရိုက်နှက် စော်ကားခံရတဲ့ အမျိုးသမီးငယ်က သူမ ချစ်သူကောင်လေးက နိုင်ငံခြားငွေကြေး အလဲအလှယ် ကုန်သွယ်ရေးဆိုင်ရာ သင်တန်းတစ်ခု မသင်ပေးတဲ့အတွက် သင်တန်းတက်ဖို့ စာရင်သွင်းထားသင်သူတွေကို ငွေပြန်ပေးဖို့ရှိတာကို ရှောင်လွဲခြင်တဲ့အနေနဲ့ သူမကို အခုလို စွပ်စွဲပြီး ရိုက်နှက်တာလို့ ရဲတွေကို ပြောပြပါတယ်။
တနင်္ဂနွေနေ့ ညနေပိုင်းက ဘွန်ခွန်ခရိုင်ရှိ တိုက်ခန်းတစ်ခုကနေ သူ့ကို ကယ်ထားပြီးတဲ့အခါ အသက် ၂၁ နှစ်အရွယ် ကူလ်ဒရာ ယီဆမန်ဟာ တနင်္လာနေ့က ခါနာယာအို ခရိုင်ရှိ နော့ပရာထရာဇက်သနီးဆေးရုံ ကုတင်ပေါ်မှာရဲတပ်ဖွဲ့တွေရဲ့ မေးခွန်းတွေကိုဖြေကြားနေခဲ့ပါတယ်။ 
ဖေ့စ်ဘုတ် ဗီဒီယို Live လွှင့်ခြင်းကို ကြည့်ရှုခဲ့ကြတဲ့ သူတွေကနေ သတိပေးကြတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ တိုက်ခန်းကို စီးနင်းရှာဖွေခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ချိုင်ချာနာ သီရိချတ်ဟာ ပြီးခဲ့တဲ့လတွေက သူ့ကို ခြောက်ကြိမ်တိုင်တိုင် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ နှိပ်စက်ခံအမျိုးသမီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အမျိုးသားရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ဝီရာချိုင် ဆုန်မတ္တာက ဆိုပါတယ်။ ချိုင်ချာနာဟာ အပူပေးဆံပင်ဖြောင့်စက်နဲ့ ကူလ်ဒရာရဲ့ အရေပြားကို လောင်ကျွမ်းအောင်ပြုလုပ်ခြင်း၊ ကင်မရာဒေါက်တစ်ခုနဲ့လည်း ထုရိုက်ခြင်း နှင့် လျှပ်စစ်လျှော့တိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ညကလည်း ကူလ်ဒရာရဲ့လည်ပင်းကို ဓားနဲ့လှီးဖြတ်ခဲ့ပြီး မျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း တယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

စိတ်ကြွဆေးပြားတွေရဲ့ လွှမ်းမိုးမှုကိုခံစားနေရတာကြောင့် ချိုင်ချာနာဟာ သူ့ကိုယ်သူ Joker လို့ ထင်မှတ်နေပြီး ကူလ်ဒရာကိုလည်း Joker ရဲ့ အမျိုးသမီးလို့ ယူဆနေတာဖြစ်ပါတယ်။ ကူလ်ဒရာဟာ ကျူရှင်ခရထားတဲ့သူ့ရဲ့ ထိုင်းဘတ် ၁၅ သန်းကို လိမ်လည်ယူဆောင်သွားခဲ့တယ်လို့ ချိုင်ချာနာက စွပ်စွဲထားကြောင်း ဒုရဲမှူးကြီးက ပြောကြားခဲ့တာပါ။

မစ္စတာ ချိုင်ချာနာဟာ သူကြော်ငြာထားတဲ့ သင်တန်းတစ်ခု မဖွင့်လှစ်နိုင်တော့တဲ့အတွက် အဆိုပါ ရိုက်နှက်တိုက်ခိုက်မှု ဗီဒီယိုကို ဖေ့စ်ဘုတ်မှာ တနင်္ဂနွေနေ့က Live လွှင့်ခဲ့တာဖြစ်ပါတယ်။ ကူလ်ဒရာဘက်ကတော့ သူ့ကိုလိမ်လည်ခဲ့ခြင်းမရှိဘဲ ဘတ်ငွေတွေကို ခိုးယူခြင်းမရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ရဲတွေကတော့ မစ္စတာ ချိုင်ချာနာကို လူသတ်မှုကျူးလွန်ဖို့ကြိုးစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု တွေနဲ့ တရားစွဲဆိုပါ ရှိနေတယ်လို့ ဂျန်ဆူဝီရာက ပြောပါတယ်။ သူဟာ အစောပိုင်းတုန်းကလည်း ကွန်ပျူတာရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲပြီး ညှင်းပန်းနှိပ်စက်မှုတို့ကြောင့် ထိန်းသိမ်းခံခဲ့ရဖူးကြောင်း သိရပါတယ်။

မစ္စတာ ချိုင်ချာနာဟာ တနင်္ဂနွေနေ့က  မူးယစ်ဆေးဝါးသုံးစွဲထားမှုကြောင့် အခုအချိန်ထိအောင် စကားပြောဆိုနိုင်စွမ်းမရှိသေးပါဘူးလို့ အမျိုးသားရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီးက ပြောပါတယ်။

(MDN)

ကိုးကား-ဘန်ကောက်ပို့စ်