ခြောက်ဘီးမော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော နယ်မြေကျော်နွားထီးရှစ်ကောင်ဖမ်းမိ

မြို့သစ် ၁၆ ဖေဖော်ဝါရီ

 

မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်း တရားမဝင် နယ်မြေကျော်နွားများ သယ်ဆောင်နေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ တလုပ်ပင်ကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ အနီးကံကြီးကံဘောင်ဘေး တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်ကားလမ်းမိုင်တိုင် အမှတ် (၁၇/၄)တွင် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ က သွားရောက်စောင့်ဆိုင်းနေစဉ် တောင်တွင်းကြီးဘက်မှ နတ်မောက်ဘက်သို့ ယာဉ်မောင်း လှိုင်ဖြိုးအောင် မောင်းနှင်ပြီး ခင်မောင်ဇော်(ခ)သံချောင်း လိုက်ပါလာသော ခြောက်ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ နယ်မြေကျော် တင်ဆောင်လာသော နွားထီးရှစ်ကောင်၊ ကာလတန်ဖိုး ငွေကျပ် (၈၀ဝ၀ဝ၀ဝ)ခန့်အား အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ နယ်ကျော်ဝင်ရောက် မောင်းနှင်လာသည်ကို စစ်ဆေးတွေ့ရ၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်ဖြိုးအောင်နှင့် ခင်မောင်ဇော်တို့အား မြို့သစ်မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

သန်းဝင်းထွန်း ( မြို့သစ် )

 

image-0-02-06-