ကဘူးလ်    အောက်တိုဘာ    ၁၃

ပြီးခဲ့သည့်    ခြောက်လအတွင်း အိမ်နီးချင်းနိုင်ငံများတွင်   ခိုလှုံနေသည့်  အာဖဂန်ဒုက္ခသည်  ၇၄၀၀၀၀ ခန့် မွေးရပ်မြေအာဖဂန် နစ္စတန်သို့  ပြန်လည်ဝင်ရောက် လာကြောင်း   ပြန်လည်နေရာချ ထားရေးနှင့် ဒုက္ခသည်များဆိုင်ရာ ဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူ   အဗ္ဗဒူမူတာလစ်ဟာခါနီက ပြောကြားသည်။

နေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့်  ဒုက္ခသည်များအနက်  တူကီယဲမှ ၁၀၀၀၀ခန့်၊ ပါကစ္စတန်မှ        ၈၀၀၀၀   နှင့်  ကျန် ၆၅၀၀၀၀မှာ အီရန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း  ၎င်းက ပြောကြား သည်။

ပြီးခဲ့သည့်နှစ်အတွင်း     အာဖဂန်ဒုက္ခသည် နှစ်သန်းနီးပါးသည် နေရပ်သို့ ပြန်လာခဲ့ကြပြီး အိမ်နီးချင်း  ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့၌ ရောက်ရှိနေသည့်   အာဖဂန်ဒုက္ခသည် ခုနစ်သန်းအနက် အများစုမှာ ပြန်မလာနိုင်ကြသေးကြောင်း သိရသည်။

ဆင်ဟွာ