ချောက် နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဇောင်းတောကန်ကျေးရွာအုပ်စု၊ ဆူးပုတ်တန်း    ကျေးရွာ ကွင်းအမှတ်(၂၄၂၁)၊ ဦးပိုင်(၇၂)ရှိ တောင်သူ ဦးမြသိန်း၏ ရွှေတောင်(၁၀) ဝါစံပြကွက်တွင် ပထမအကြိမ်ကောက်ယူမှုကို နိုဝင်ဘာ ၁၂ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွှေတောင်(၁၀) ဝါစံကွက်ကောက်ယူမှုကို ၁၀ ရက်ခြား သုံးကြိမ်ကောက်ယူရပြီး မျိုးကောင်းမျိုးသန့် အထွက်နှုန်းသိရှိနိုင်‎ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်‎ကြောင်း၊ ရွှေတောင်(၁၀)ဝါ သည် ဒေသရာသီဥတုနှင့် ကိုက်ညီပြီး စီးပွားရေးတွက်ခြေကိုက်နိုင်သည့် ဝါမျိုးတစ်မျိုးဖြစ်ကြောင်း မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ချောက်မြို့နယ်တွင် လက်ရှိ ရွှေတောင်(၁၀) ဝါစံပြကွက် ၅ ဧက ရှိပြီး ၁ ဧက ဝါပိဿာ ၇၀၀ ကျော်ထွက်ရှိပြီး ဒေသခံတောင်သူများ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးစေ‎ရေး အကြံဉာဏ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်ပံ့ပိုးခြင်း၊ ဖြန့်ဖြူးပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ 

ကျော်မိုး(ပြန်/ဆက်)