ချောက်မြို့နယ် ကုတင်(၅၀)ပြည်သူ့ဆေးရုံသို့ အရေးပေါ်သုံးစွဲနိုင်ရန် Oxygen Concentrator စက်နှစ်လုံးလှူဒါန်း

ချောက်  ၆  ဧပြီ             

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကုတင်(၅၀) ပြည်သူ့ဆေးရုံသို့ ချောက်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ အရေးပေါ်သုံးစွဲနိုင်ရန်  Oxygen Concentrator စက်နှစ်လုံးကို ယင်းဆေးရုံရှေ့၌ ယနေ့မနက် ၈ နာရီခွဲက ပေးအပ်လှူဒါန်းခဲ့သည်။

Oxygen Concentrator စက်နှစ်လုံးကို မြို့နယ်ကိုဗစ် -19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဌဦးကျော်ဆွေဝင်း မှ ချောက်မြို့နယ်ကုတင်(၅၀) ပြည်သူ့ဆေးရုံဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ကျော်မိုး(ပြန်/ဆက်)